Print

အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေနိုင်သော အစားအစာများ

  16-Jun-2020
Preview Image

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ

          အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ ထောပတ်သီး၊ တရုတ်ဆီးသီး၊ ပန်းသီး၊ ငှက်ပျောသီးနဲ့ သရက်သီးတွေဟာ သင့်ရဲ့ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကယ်ရိုတင်းဓာတ်နဲ့ ဆီလီနီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီအာဟာရဓာတ်တွေဟာ အရိုးနုတွေကိုပျက်စီးစေတဲ့ Free Radical တွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိတဲ့အပြင် အရိုးနုအသစ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးဖို့ အားပေးပါတယ်။ ကညွတ်ဟာ ရောင်ရမ်းနာကျင်ခြင်းတွေကို ဆန့်ကျင်စေတဲ့ အစွမ်းသတ္တိရှိတာမို့ လေးဘက်နာကြောင့်ဖြစ်တဲ့ အရိုးအဆစ်နာကျင်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။


ကြက်သွန်နီနဲ့ ပင်လယ်ရေညှိမှာ Quercetin ဓာတ်ပါဝင်လို့ နာကျင်ရောင်ရမ်းခြင်းကို လျော့ပါးစေပါတယ်။

အဆီများတဲ့ငါး တွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ဆာဒင်းငါးနဲ့၊ ဟာရင်းငါးတွေဟာ အဆစ်ရောင်လေးဖက်နာကို ကုစားပေးဖို့ ကူညီပေးနိုင်တဲ့အပြင် အရိုးအဆစ်လေးဖက်နာရှိသူတွေလည်း စားပေးဖို့သင့်တဲ့ငါးတွေ ဖြစ်ပါတယ်။ အိုမီဂါ ၃ အက်ဆစ် ၃ ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

ဟင်းခတ်အမွှေးအကြိုင်တွေ အနေနဲ့ နနွင်းမှုန့်နဲ့ ချင်းတွေဟာ နာကျင်မှုကို သက်သာစေပါတယ်။


ရှောင်သင့်တဲ့အစားအစာ

          ပြည့်ဝအဆီတွေ၊ ကဖင်းဓာတ်၊ အနီရောင်အသား၊ သကြား၊ အရက်၊ ဂျုံ့၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေ ရှောင်သင့်ပါတယ်။


ဈေးဝယ်ရင် မပါမဖြစ်တာလေးတွေ

-       အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ကညွတ်၊ ကန်စွန်းဥ၊ ကြက်သွန်နီ

-       တရုတ်ဆီးသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ သရက်သီး

-       အိုမီဂါ ၃ ကြွယ်ဝတဲ့ငါးတွေ (ဒီမှာတော့ ငါးမြင်း၊ ငါးတန်၊ ငါးသေတ္တာငါးတွေ ပေါပါတယ်)

-       ငါးကြီးဆီ

-       သုပ်စားလို့ရတဲ့ ပင်လယ်ရေညှိ(ကျောက်ပွင့်အစိမ်းရောင်လို့ ဒီမှာသိကြပါတယ်)

-       တို့ဟူး၊ ပဲပိစပ်

-       သစ်ကြားသီး

-       နနွင်း၊ချင်း

Credit : Kitchen Doctor



Related Articles


Advertisment 18